ရန်ကုန် ၂၀ အောက်တိုဘာ
ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ ကြီးမှူး၍ သြစတြီးယားနိုင်ငံ ဗီယက်နာမြို့တွင် ကျင်းပ ပြုလုပ်မည့် ဘာသာပေါင်းစုံ ညီညွတ်ရေးဆိုင်ရာ (Conference on Countering Hate Speech )နှင့် ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့တွင် ကျင်းပမည့် “World Non-Formak Education”တို့ကို တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တွင် ညှိနှိုင်းရေးမှူးများအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသော လူငယ်ခေါင်းဆောင် (၂)ဦးဖြစ်သည့် နိုင်ငံတကာရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူး၊ လူငယ် အစီအစဉ်ရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်း တို့အား ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် ကိုယ်စား အဆိုပါ ကင်းထောက်လှုပ်ရှား ဆွေးနွေးပွဲများ တက်ရောက်ရန် ရွေးချယ်၍ တရားဝင် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်သည် လာမည့် အောက်တိုဘာလ (၂၉)ရက်မှ (၃၁)ရက်နေ့အထိ သြစတြီးယားနိုင်ငံ ဗီယက်နာမြို့တွင် KAICIID နိုင်ငံတကာ ဒိုင်ယာလော့ စင်တာက ကြီးမှူးကျင်းပ မည့် အဆိုပါ “Conference on Countering Hate Speech” ကို ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် ကိုယ်စားပြုအနေဖြင့် တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ နိုင်ငံတကာရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူးကို လည်းကောင်း၊ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့တွင် လာမည့် ဒီဇင်ဘာ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပမည့် “World Non-Formak Education”အား အာရှပစိဖိတ်ဒေသ အဖွဲ့ဝင် (၂၈)နိုင်ငံမှ (၅)ဦး ရွေးချယ်ရာတွင် (၁)ဦးအဖြစ် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ လူငယ်အစီအစဉ်ရေးရာ အမျိုးသားညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းတို့အား ရွေးချယ်၍ တရားဝင် ဖိတ်ကြားခံခဲ့ရကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ သိရသည်။
MDN


