ရန်ကုန် ၂၀ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ဗဟန်းမြို့နယ် ကျောက်ဆည်ဓမ္မာရုံတွင် ကျင်းပရာ သဘာပတိ ဗဟန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မြင့်သိန်းခိုင် (ငြိမ်း)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်(ငြိမ်း)က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြောကြားခြင်းနှင့် ဘဏ္ဍာရေးမှူး ဗိုလ်မှူး လှဦး (ငြိမ်း)က ဘဏ္ဍာရေးရှင်းတမ်းများ ရှင်းလင်းဖတ်ကြားခဲ့သည်။

 

1

 

အစည်းအဝေးအပြီးတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၇၅)နှစ်နှင့်အထက် ၃၇ ဦး၊ မသန်စွမ်းစစ်သည် ၂၀ ဦး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော စစ်မှုထမ်းဟောင်းအဖွဲ့များ၏ သားသမီး ၅ ဦး၊ ရိုးရိုးအောင် ၄ ဦး၊ ပေါင်း ၉ ဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၅၉ ဦးတို့အား ထောက်ပံ့ငွေကျပ် ၃၈၄၀ဝ၀ဝ နှင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

အေးသန်း(စိန်တုံးကြီး)