ရန်ကုန် ၂၀ အောက်တိုဘာ
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မိုးမိုး(အင်းလျား) ၏ အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူများစာရင်းနှင့် မိုးမိုး(အင်းလျား)၏ လုံးချင်းဝတ္ထုစာအုပ် သုံးသပ်ချက်စာတမ်းပြိုင်ပွဲတွင် အရွေးချယ်ခံရသူများစာရင်းကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ အောက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူများမှာ ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)၏ သားကောင်များ ပထမဆု၊ ထန်၏ ကမ္ဘာမီးလောင်နေသည် ဒုတိယဆု၊ သခင်(ဇလွန်မြေ)၏ အိပ်တန်းပြန်ငှက် တတိယဆု၊ ကိုအောင်(ဒိုက်ဉီး)၏ တိုက်ပွဲကြားမှ ကဗျာသစ္စာ နှစ်သိမ့်ဆု(၁)၊ မောင်စံဝင်း(ဗန်းမော်)၏ ယမ်းငွေ့ကြားက မြစ်တစ်စင်း နှစ်သိမ့်ဆု(၂)၊ ဉာဏ်လင်းအောင်၏ ဖြတ်လျှောက်ဘဝများ နှစ်သိမ့်ဆု(၃)၊ နိုင်မြင့်၏ ရေစီးကြောင်း၏ ပြောင်းလဲရာသို့ နှစ်သိမ့်ဆု(၄)၊ သဉ္စာလှိုင်(လားရှိုး)၏ အရပ်ကလေးကိုမှ အားမနာ ပါးမနာ နှစ်သိမ့်ဆု (၅)၊ မင်းအဂ္ဂ(ဆင်တဲဝ)၏ ချိုတမြမြ ခါးသလေ့လေ့ နှစ်သိမ့်ဆု (၆)၊ မိုးကျော်စိုး(မကွေး)၏ အလံတော်တလူလူ လွင့်လေမှ နှစ်သိမ့်ဆု (၇)၊ ဆန်းငယ်ဆွေ(ပုတီးကုန်း)၏ ထမင်းတလုပ် ရေတမှုတ် နှစ်သိမ့်ဆု(၈) နှင့် မြတ်နှင်းအေး၏ မိမိုးလေးဖို့ ကြက်သားတစ်တုံး နှစ်သိမ့်ဆု(၉) တို့ ဖြစ်သည်။
ဆက်လက်ပြီး မိုးမိုး(အင်းလျား)၏ လုံးချင်း ဝတ္ထုစာအုပ်သုံးသပ်ချက်စာတမ်းပြိုင်ပွဲတွင် အရွေးချယ်ခံရသူများစာရင်းကို ထုတ်ပြန်ရာ ရွှေတိဂုံကိုမြင်လျှင်ဖြင့် မြတ်လေးမောင်၊ ဂျိုးစာအုပ်ဖြင့် မိုးနေ၊ ငပလီဇာတ်လမ်းဖြင့် ကိုတူး(သာယာမြိုင်)၊ ငြိမ်းကိုရှက်ပါ ဖြင့် မိုးသက်အောင်(မြန်မာစာ)၊ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားဖြင့် ခတ္တာခင်နှင့် ရွက်လှပန်း စာအုပ်သုံးသပ်ချက်ဖြင့် မင်းစိုးသူရတို့ အရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
MDN


