နေပြည်တော်  ၂၀   အောက်တိုဘာ

 

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတမစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်ပြီးဆုံး၍ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ် တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားသည်။

 

1

 

နီပေါနိုင်ငံ သမ္မတ နှင့်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရီပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

5

 

ထိုသို့ပို့ဆောင်စဉ် လေဆိပ်ဧည့်ခန်းမ၌ နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုက်ကူး ထားသော မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံစီဒီများကို အမှတ်တရလက်ဆောင် ပေးအပ်သည်။

 

(သတင်းစဉ်)