မြောင်းမြ ၂၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခုတင် ၂၀ဝ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် နှလုံးနှိုးစက်နှင့် ဆက်စပ်ပစ္စည်းများကို မြောင်းမြမြို့နယ်အသင်း (ရန်ကုန်) မှ အလုပ်အမှုဆောင်များ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းပေးအပ်ပွဲတွင် မြောင်းမြမြို့နယ်အသင်း(ရန်ကုန်) အသင်းတာဝန်ရှိသူတစ်ဦးက လှူဒါန်း ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော ကျပ် ၁၁၅ သိန်းတန်ဖိုးရှိ နှလုံးနှိုးစက် ၂ လုံးကို အလှူရှင် မြောင်းမြမြို့နယ် အသင်း(ရန်ကုန်) အမှုဆောင်အဖွဲ့နှင့် အလှူရှင် ရန်ကုန်မြို့နေ ဦးစိုးနိုင်+ဒေါ်အေးအေးလှိုင် သားသမီးမြေး မိသားစုတို့က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က လက်ခံရယူသည်။
ဆက်လက်ပြီး မြောင်းမြမြို့နယ်အသင်း(ရန်ကုန်)အမှုဆောင်နှင့်အသင်းသူ.အသင်းသားမျာက မြောင်းမြမြို့ ကျက်သရေဆောင် စင်္ကြာသီဟ၊စင်္ကြာနန္ဒစေတီတော်မြတ်ကြီးသို့.အလှူငွေကျပ် သိန်း၅၀ ၊ မြောင်းမြမြို့မြစိမ်းရောင်တောင်တော် မြတိဂုံစေတီတော်မြတ်ကြီးသို့ အလှူငွေကျပ် သိန်း(၂၀) ၊ မြောင်းမြမြို့.ဗောဓိပင်စေတီတော်မြတ်ကြီးသို့.အလှူငွေကျပ် (၁၀)သိန်း၊ မြောင်းမြမြို့ ဝေဠုဝတီ ကမ္မဌာန်း ကျောင်းသို့အလှူငွေ(၁၀)သိန်းတို့ကိုပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်မင်း (မြောင်းမြ)


