mdn

လိပ်သို    ၂၁  အောက်တိုဘာ     

 

ကရင်ပြည်နယ်၊ လိပ်သိုမြို့ သကွဲပလိုကျေးရွာတွင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာကူညီထောက်ပံ့ပေးခဲ့ပြီး အနီးကပ်ကြီးကြပ်ပြီး ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီနှင့် ကျေးရွာနေပြည်သူများမှ စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော စိမ့်စမ်းရေလှောင် ဆိုလာရေတင်စနစ် ဖြင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗစ်တာခလိုက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူး ဦးတင်အောင်ဝင်းနှင့် ကတ်သလစ်သာသနာ ငှက်ပျောတော တိုက်နယ် ဘုန်းတော်ကြီး ဖာသာ မြင့်သိန်းတို့က အခမ်း အနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တပ်ဆင်ဆိုလာစနစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးစီး ဌာန၏ လုပ်ငန်းတာဝန်များနှင့် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာ ဖွံ့ဖြိုးရေး(VDP)စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားရာတွင် စီမံကိန်း ကာလ စတင် သည်မှ ယနေ့အချိန်ထိ ကျေးရွာပေါင်း (၁၅)ရွာ၌ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုပွဲမှာ မြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကိုယ်စားလှယ်တို့က အခမ်း အနားသို့ တက်ရောက်လာသူများကို အားပေးအမှာစကားအသီးသီးပြောကြားပေးခဲ့ပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး (လိပ်သို ပြန်/ဆက်)

 

mdn

 

mdn