mdn

မိုင်းယု  ၂၁ အောက်တိုဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပမည့် စုပေါင်း မဟာဘုံကထိန်အတွက် အလှူတော်ပဒေသာပင်များလှူဒါန်းနိုင်ရန် ရခိုင်ရိုးရာဇနီးမောင်နှံ (အရုပ်ကြီး) အကတို့ဖြင့် ယနေ့မှ စတင်၍ မိုင်းယုဒေသအတွင်း လှည့်လည် အလှူခံလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြန်မာ့ရိုးရာဆင်အကအဖွဲ့သည်  မိုင်းယုမြို့ ရွှေ့ပြောင်းဌက်ပျောခြံ(ယော)အဖွဲ့ လုပ်သားများ ဖြစ်ပြီး မိုင်းယုမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပသော မြို့သူမြို့သားတို့၏ စုပေါင်းမဟာဘုံကထိန်တွင် ရခိုင်ရိုးရာ ဇနီးမောင်နှံ(အရုပ်ကြီး)အက၊ မြန်မာ့ရိုးရာဆင်ရုပ်အကနှင့် မျောက်ရုပ်ဖြင့် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ၌ ထည့်သွင်းကပြနိုင်ရန်နှင့် ယင်းဘုံကထိန်တွင် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းနိုင်ရန် အတွက် အဆိုပါ ရွှေ့ပြောင်းဌက်ပျောခြံ(ယော)အဖွဲ့လုပ်သားများက အရုပ်အကများကို စုပေါင်းပြုလုပ်တင်ဆက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)

 

mdn