ဖာပွန်   ၂၁ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် နိုင်ငံတစ်ဝန်း ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းနှင့် ပိုလီယိုကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေးခြင်း လုပ်ငန်း (၂၀၁၉) မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ကိုထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းက နိုင်ငံတစ်ဝန်း ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းနှင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း (၂၀၁၉)နှင့် ပတ်သက်၍ အသေးစိတ်ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)