တန့်ဆည် ၂၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်ရေပေးဝေရေးလုပ်ငန်းနယ်အတွင်းရှိ ကင်းတပ်လက်ယာတူးမြောင်း မကြီး ပေတိုင်(၁၁၁+၇၀ဝ)ရှိ မြောင်းစစ်လမ်းဘောင်သည် ၂၀ရက်နံနက်ပိုင်းက ထူးပေါက် ပေါက်ပြီး ခင်နုဆည်ကျေးရွာအနီးတွင် ပေ ၂၀ ခန့် ကျိုးပေါက်ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ တူးမြောင်းဘောင်ကျိုးပေါက်ပျက်စီးမှုအား အရေးပေါ်ပစ္စည်းယာယီမျောရိုက်၊ ဝါးကပ်၊ သဲအိတ်ချခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး အခိုင်အမာ မြေဖို့ခြင်းလုပ်ငန်းများအား ဆည်မြောင်းဌာနမှ မြေတူးစက်(၂)စီး၊ မြေတွန်းစက်(၁)စီးနှင့် မြေသယ်ယာဉ်(၄)စီး စက်ယန္တရားများ အသုံးပြု၍ အချိန်မှီ ပြီစီးနိုင်ရေး ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
တူးမြောင်းဘောင်ကျိုးပေါက်မှုကြောင့် စီးထွက်လာသောရေများသည် အနီးရှိ ခွေးနက် ချောင်းမှတစ်ဆင့် မဟာသီရိကန်သို့ စီးဝင်လျှက်ရှိပြီး ကျေးရွာနေပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးမှုမဖြစ်ပေါ်သည့်အပြင် (၂၀၁၈-၂၀၁၉)ခုနှစ် မိုးစပါးစီမံကိန်း စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်၊ ပြန်/ဆက်)


