မန္တလေး ၂၁ အောက်တိုဘာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူး၍ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဟောပြောပွဲကို မန္တလေးမြို့၊၃၄x၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခွဲ(မန္တလေးတိုင်းဒေသကြီး)ရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မန္တလေးတိုင်းဒေသကြီး) အသင်းနာယက ဦးမြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပြီး အသင်းအလုပ်အမှုဆောင်မှ အင်ဂျင်နီယာ ဦးသန်းထွန်းဇော်မှ"Third Party Inspection for Storage Tank, Pressure Equipment(Boiler, Vessel,Piping, PSV & Structure)'ခေါင်းစဉ်ဖြင့် အင်ဂျင်နီယာနည်းပညာရပ်များအား ဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးသန်းထွန်းဇော်မှ ပြန်လည် ဖြေကြားသည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မန္တလေးတိုင်းဒေသကြီး)အသင်းနာယက နှင့်တာဝန်ရှိသူများ၊ အသင်းဝင်အင်ဂျင်နီယာများ၊ စိတ်ပါဝင်စားသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


