နေပြည်တော် ၂၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုန်းတော ခန်းမတွင် အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၁၁)သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ်(ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်းတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီး မှူး/ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူး များ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၁)သို့ တက်ရောက်ကြမည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိ အဆင့်ရှိ သင်တန်းသား (၇၁)ဦး၊ သင်တန်းသူ(၇၅)ဦး၊ စုစုပေါင်း(၁၄၆)ဦး တက်ရောက်ကြောင်း နှင့် သင်တန်းကာလမှာ ရက်သတ္တ (၁၂)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


