မချမ်းဘော ၂၁  အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မချမ်းဘောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၁

 

ရှေးဦးစွာ ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မချမ်းဘောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းတို့က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မချမ်းဘောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

 

အဆိုပါ သင်တန်းကို မချမ်းဘောsမြို့နယ်အတွင်းရှိ အင်ဘူးဘော့၊ နမ့်ခမ်း၊ ထရန်းဒမ်း၊ ကောင်းမှုလုံစသည့် ကျေးရွာအုပ်စု (၄)အုပ်စုရှိ ကျေးရွာ(၁၄)ရွာမှ သင်တန်းသား(၁၅)ဦးအား (၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ကျော်ဦး