ကျိုက်ထို  ၂၁  အောက်တိုဘာ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာအုပ်စု ရေကျော်ကျေးရွာဓမ္မဒူတကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသည့်သံဃာတော်နှင့် သာမဏေ ၆၁ ပါး တို့မှာ အောက်တိုဘာ ၂၀ ရက် ညနေ ၇ နာရီခန့်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့၍ သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကာ ဆေးဝါးကုသမှုခံယူခဲ့ရသည်။

အဆိုပါ သံဃာတော်နှင့် သာမဏေ(၆၁)ပါးမှာ အာရုံဆွမ်းအဖြစ် နန်းကြီးသုပ်၊ နေ့ဆွမ်းအဖြစ် ကြက်ဆီထမင်းနှင့် ရေခဲမုန့်တို့ကို ဘုဉ်းပေးခဲ့ကြသဖြင့် ညနေပိုင်းတွင် မူးဝေအော့အန်ဝမ်းသွားပြီး အစာအဆိပ်သင့်ဝေဒနာ(မစိုးရိမ်ရ)ခံစားရ၍ တိုက်နယ်ဆေးရုံသို့တင်ပို့ကာ ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)