ရန်ကုန်  ၂၁  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်(၈)နာရီ ဆူးလေဘုရားလမ်းရှိ ကျောက်တံတားမြို့နယ် မီးသတ်စခန်းတွင် နိုင်ငံတကာအဆင့်မီ Hydraulic Platform Vehicle 48 meter ယာဉ်ဖြင့် ကျောက်တံတားမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ကြသည်။

အဆိုပါယာဉ်မှာ ပိုလန်နိုင်ငံမှထုတ်လုပ်ပြီး အမြင့် ၄၈ မီတာရှိနေရာတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတွင် အသုံးပြုနိုင်မည်ဖြစ်သည် ၎င်းယာဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင်(၁)စီး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၂)စီး၊ မန္တလေးတိုင်းဒေသကြီးတွင် (၁)စီးထားရှိပြီး မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန်ဖြစ်ကြောင်းသိရှိရသည်။

(အောင်သူရ)