ငပုတော ၂၂ အောက်တိုဘာ      

 

ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့၌ ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဏာမလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 

 

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းက ကလေးစာပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ငပုတောမြို့နယ်အနေဖြင့် ကလေးစာပေပွဲတော်ကို ၂၀၂၀ ခုနှစ်၊ မတ်လ၂၅ရက်မှ ၂၆ရက်အထိ နှစ်ရက်တိုင်တိုင် အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ၁၃ ခုကိုလည်း ဖွဲ့စည်း ဆောင်ရွက်ထားကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)