လှိုင်းဘွဲ အောက်တိုဘာ ၂၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ Unicef(မြန်မာ)မှ ကလေးစာပေ (တိုင်းရင်းသားပုံပြင်)စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ စာအုပ်များကို အသက်ငါးနှစ်အောက်ကလေးငယ်များအတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှုများ လေ့လာရာတွင် အထောက်အကူ ဖြစ်စေရန်၊ စာအုပ်စာပေများ ချစ်မြတ်နိုးတတ်လာစေရန်၊ တိုင်းရင်းသား ကလေးငယ်များ အနေဖြင့် မိခင်ဘာသာစကား တတ်မြောက်မှု မြင့်မားလာစေရန်ရည်ရွယ်၍ Unicef(မြန်မာ)မှ အခမဲ့ ပေးပို့လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုး(၂၅)မျိုး၏ ရိုးရာပုံပြင် စာအုပ်များအား တစ်ဘာသာလျှင်(၁၀)အုပ် နှုန်းဖြင အုပ်ရေ(၂၅၀) ကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်ထံသို့ Unicef(မြန်မာ)မှ တာဝန်ခံတစ်ဦးက လာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်


