နေပြည်တော် ၂၂ အောက်တိုဘာ

ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ (/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက MSME Agency အနေဖြင့် နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် MSME Agency များနှင့် ပူးပေါင်း၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးများ၊ Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပလျက်ရှိပြီး နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၂)ခုတွင် Action Plan ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ဆောင်ရွက် လက်ရှိကြောင်း၊ MSME Agency အနေဖြင့် ဒေသတွင်းထုတ်ကုန်ပြပွဲ ပြိုင်ပွဲများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ရာ MSME ထုတ်ကုန်များမှာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လာနိုင်သည်ကို တွေ့ရပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟို MSME Agency နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် MSME Agencyများပူးပေါင်းပံ့ပိုးမှု အခြေအနေများနှင့် စပ်လျဉ်း၍ 1st Annual Conference of MSME Agency and Launching  Ceremory of Regional MSME Action Plans in States and Regions” ကိုကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အခမ်းအနားတွင် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ MSME Action Plan များအရ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ရရှိလာသည့် Issue များကို ညှိနှိုင်းဆွေးနွေး၍ MSME လုပ်ငန်းဥက္ကဋ္ဌ၊ ဒုတိယသမ္မတထံသို့တင်ပြရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ MSME လုပ်ငန်းများတွင် MSME Logo အသုံးပြုနိုင်ရေးအတွက် MSME Logo ပြိုင်ပွဲကိုကျင်းပခဲ့ပြီးဆုရ MSME Logo ကို တရားဝင်အသိအမှတ်ပြု အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ MSME လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် Seed Fund ထူထောင်ပေးရန်အတွက်လည်း MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် တက်စွမ်းသလောက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ MSME အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များ၊ Registration ဆိုင်ရာကိစ္စရပ်များ၊ FDA ဆိုင်ရာကိစ္စရပ်များ၊ ဓါတ်ခွဲခန်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် အေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်