နေပြည်တော် ၂၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ယနေ့မွန်းလွဲပိုင်းတွင် အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အဆိုပါဟောပြောပွဲ၌ အရာတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်နှင့် အရာတော်မြို့မရဲ စခန်းမှူး ဒုတိယရဲမှူး အောင်စိုးနိုင်တျတို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီမာဆွေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၂၅၀) ခန့်အားဟောပြောခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


