ရန်ကုန် ၂၂ အောက်တိုဘာ

ရုပ်ရှင်သရုပ်ဆောင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၀ ရွှေတောင်ကြားလမ်းရုပ်ရှင် အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ သင်တန်းခန်းမ၌ ကျင်းပရာ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့၀င် ဒေါ်ဆွေဇင်ထိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် International Holly Wood Acting Trainer Mr. Thierry Bleu က နိုင်ငံတကာ ရုပ်ရှင်အနုပညာဘာသာရပ်များအနက် သရုပ်ဆောင်ဘာသာရပ်အတွက် Method acting အရေးပါမှု အချက်အလက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ Script Class Reflexion နှင့် Laurel Art မှ သင်တန်း သားများက အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်။

သတင်းစဉ်