နေပြည်တော် ၂၂ အောက်တိုဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် BBC မှ သတင်းနှင့်မျက်မှောက်ရေးရာ ညွှန်ကြားရေးမှူး Ms. Francesca Unsworth နှင့် BBC Media Action အမှုဆောင်ညွှန်ကြားရေးမှူး Ms. Caroline Nursey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် လည်းကောင်း၊ NTEGRATOR Private Limited မှ Managing Director ဖြစ်သူ Mr. Jimmy Chang နှင့် အဖွဲ့အား မွန်းလွဲ နာရီတွင်လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

BBC မှ သတင်းနှင့်မျက်မှောက်ရေးရာ ညွှန်ကြားရေးမှူးနှင့် BBC Media Action  အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် BBC Media Action တို့ပူး ပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ထုတ်လွှင့်သွားမည့် အစီအစဉ်များ၊ ပြောင်းလဲလာသည့် မီဒီယာခေတ်ရေစီးကြောင်းအရ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးပုံတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

NTEGRATOR Private Limited မှ Managing Director အဖွဲ့နှင့် တွေ့ဆုံစဉ် နိုင်ငံတစ်ဝန်းရှိ ခရိုင်နှင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာကြည့်တိုက်များနှင့် ရုံးများတွင် ကွန်မြူနတီစင်တာ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်