နေပြည်တော် ၂၂ အောက်တိုဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား ယနေ့မွန်းလွဲ ၃ နာရီ တွင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ဆောင်ရွက်နေသည့် အစီအမံအတွေ့အကြုံများနှင့် ပတ်သက်၍ နှစ်ဖက်အတွေ့အကြုံများ မျှဝေခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ ကုမ္ပဏီများမှ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး၊ အနာဂတ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား Privatization သို့ တဖြည်းဖြည်း ပြောင်းလဲနေမှုများနှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ ကုန်းတွင်းနှင့်ကမ်းလွန်ဒေသများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများတွင် တွေ့ကြုံရသည့် အခွင့်အရေးနှင့် စိန်ခေါ်မှုများ၊ Generation Mix အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုအခြေအနေများ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍရှိ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


