ကျိုက်လတ် ၂၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့မိမြို့ဖများ၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကလေးစာပေပွဲတော်ကို အစိုးရ စက်မှုလက်မှုသိပ္ပံ၌ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြိုင်ပွဲများ ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)



