ဆွမ္မရာ ၂၃ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဆွမ္မရာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ မိမိတို့ဒေသ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေးနှင့် အခြားသော လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ဆောင်ရာမှာ မိမိအနေဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် ဒေသခံပြည်သူများလည်း ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးခြင်းဖြင့် လုပ်ငန်းထိရောက်မှု ပိုမိုအားကောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များ မေးမြန်းခြင်းနှင့် ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ခဘိုး(ပြန်/ဆက်)