ရန်ကုန် ၂၃ အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ ခြင်များပေါက်ဖွားမှု မရှိစေရန်နှင့် ရေမြောင်းပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်ဈေးဘေး ရေမြောင်း ရှင်းလင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

၂

 

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်း၊ အဖွဲ့ဝင်(၁) ဦးလှိုင်မင်း၊ အဖွဲ့ဝင်(၂) ဦးစိုးလွင်တို့သည် မြို့နယ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခု အင်းစိန်ဈေးဘေး ရေမြောင်းရှင်းလင်းခြင်းနှင့် ပိန္နဲကုန်း ရွာသစ်(၃)လမ်း အုတ်စီရေမြောင်း ဆောင်ရွက်နိုင်ရန် အကြိုတိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)