ပုသိမ် ၂၃ အောက်တိုဘာ

 

ရန်ကုန်-ပုသိမ်ကားလမ်းကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ငွေကျပ် (၂၉)ဘီလီယံကျော် အသုံးပြု၍ (၁)နှစ်အတွင်း ပြီးစီးအောင်ခင်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

 

၁

 

လမ်းခင်းရန်အတွက် ယမန်နေ့က တင်ဒါဖွင့်ခဲ့ပြီးဖြစ်သည်။ ပထမဆုံးအနေဖြင့် ရန်ကုန်မြို့မှ ညောင်တုန်းမြို့ ဗိုလ်မြတ်ထွန်းတံတားအထိ (၄၁)မိုင် စတင်ခင်းမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁၇)မိုင်၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၄)မိုင် တာဝန်ယူ ခင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

လမ်းခင်းနေစဉ်ကာလအတွင်း ကမ်းပါးပြိုကျနေသော ညောင်တုန်းမြို့နယ် ဆားမလောက် လမ်းပိုင်းကို ကမ်းထိန်းပြုပြင်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယာဉ်ကြောကြပ်တည်းမှု မဖြစ်စေရေး လမ်းလွှဲများထားရှိပေးမည်ဖြစ်ကြောင်း၊ ကျူးကျော်များ ဖယ်ရှားရှင်းလင်းရေးကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းခင်းနေစဉ်ကာလ ရန်ကုန်မြို့မှလာမည့် ကားများသည် ရန်ကုန်- ဆားမလောက်- ကဇန်း- တာကွေ့- ဗိုလ်မြတ်ထွန်းလမ်းမှ တစ်လမ်းမောင်း သွားရမှာဖြစ်ကြောင်း၊ ပုသိမ်မြို့မှလာမည့်ကားများသည် ပုသိမ်-ဗို လ်မြတ်ထွန်း- တာကွေ့- ညောင်တုန်း- ဆားမလောက်-  ရန်ကုန်လမ်းမှ မောင်းနှင်ရန်သတ်မှတ်ထားကြောင်း၊ မအူပင်-ရန်ကုန် ကားများမှာ မအူပင်-တွံတေးလမ်းမှ လည်းကောင်း၊ ကျိုက်လတ်-ဖျာပုံကားများမှာ ဒေးဒရဲလမ်းမှလည်းကောင်း မောင်းနှင်သွားရန် လမ်းပိုင်းများ သတ်မှတ်ထားကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်/ဆက်)