ကျောင်းကုန်း ၂၃ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက အခမ်းအနားပြင်ဆင်ရေးနှင့် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ထားရန်လိုကြောင်း ပြောကြားပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ လမ်းဦးစီးမှူး ဦးကျော်ဝင်းနှင့် တက်ရောက်လာသူများက ခန့်မှန်းကုန်ကျငွေများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့မည့် ကျပ်သိန်း ၃၀ အပြင် အလှူငွေရှာဖွေရေးနှင့် တခြားမြို့နယ်များတွင် ကျင်းပမှုကို သွားရောက်လေ့လာရန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)