မူဆယ် ၂၃ အောက်တိုဘာ
မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မူဆယ်မြို့ စစ်တုရင်အသင်း (MCC)တို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်အခြေခံသင်တန်း (၂/၂၀၁၉)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မူဆယ်မြို့၊ မြို့တော်ခန်မ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူဆယ်မြို့၊ ကျောင်းအသီးသီးမှ စစ်တုရင်အခြေခံသင်တန်း (၂/၂၀၁၉)သင်တန်းသို့ တက်ရောက်သည့် ကျောင်းများကို မူဆယ် စစ်တုရင်အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်မိုးက စစ်တုရင်အရုပ်များကို ပေးအပ်ခဲ့ပြီး သင်တန်းသားများကို တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို မူဆယ်မြို့၊ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃) ကျောင်းတို့တွင် (၁၀)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


