မိတ္ထီလာ  ၂၃  အောက်တိုဘာ

 

မိတ္ထီလာမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက စက်ဦးဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီက ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းသည် လူတစ်ဦး တိုးတက်စေရန် အကောင်းဆုံး အလေ့အထပင်ဖြစ်ပါကြောင်း၊ အောင်မြင်ကြီးပွားတိုးတက်သူ အများစုသည် စာဖတ်သူများ ဖြစ်ကြကြောင်း၊ စာဖတ်ခြင်းမှာ လူတစ်ဦးကို ဖျော်ဖြေမှု၊ ပညာပေးမှုနှင့် တိုးတက်မှုများကို ပေးစွမ်းနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်  အရည်အသွေးတိုးတက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာပေများကို ဖတ်ရှုလေ့လာ စေလိုကြောင်း ပြောကြားသည်။

 

အခမ်းအနားတွင် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုကြပြီး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)