လက်ပံတန်း     ၂၃    အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးများ၊ စပ်ဆေးများနှင့် လိုင်စင်မရှိဘဲ ဆေးဝါးရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကောင်းမြတ်ထွန်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လက်ပံတန်း မြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများနှင့် လိုင်စင်မရှိဘဲ ဆေးဝါးရောင်းချခြင်း မရှိစေရေး  စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး(ပြန်/ဆက်)