ဖာပွန် ၂၃ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ညနေ ၃ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန Communiay Centre ခန်းမ၌ ဆောက်ရွက်ပေးခဲ့သည်။

 

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြည်သူတစ်ရပ်လုံး ယူနီကုဒ်ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ယူနီကုဒ်စနစ် ပြောင်းလဲရန် နည်းပညာ အခက်အခဲရှိသူများအား ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယူနီကုဒ်စနစ် ပြောင်းလဲပုံအဆင့်ဆင့်ကို တက်ရောက် လာသူများအား စနစ်တကျ အသုံးပြုနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)