ပခုက္ကူ ၂၃ အောက်တိုဘာ
ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သန်း ၁၀ဝ ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများရွေးချယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီ၊ အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၁၀ဝ ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ စိစစ်ရွေးချယ်တင်ပြရေးနှင့် ကျေးရွာအုပ်စုများက တင်ပြလာမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကော်မတီဝင်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအုပ်စုအလိုက် လျာထားတင်ပြလာသည့် ရေရရှိရေး၊ လမ်း၊ ရေကျော်၊ စာသင်ကျောင်း၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ စာကြည့်တိုက်၊ ရေစီးရေလာ ကောင်းမွန်ရေး စသည့်လုပ်ငန်းများမှ ရန်ပုံငွေနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို စိစစ်ရွေးချယ်လျာထားခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


