ရန်ကုန် ၂၃ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် မီဒီယာများတွေ့ဆုံမှု အမှတ်စဉ် (၁၁/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၊ အဖွဲ့ဝင် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်တို့က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

နိုင်လင်းအောင် (တာမွေ)