နေပြည်တော် ၂၃ အောက်တိုဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော လူတစ်ဦးချင်းမှသည် ကျန်းမာကြံ့ခိုင်ပျော်ရွင်သော နိုင်ငံသား များအဖြစ် ရောက်ရှိစေရေးနှင့် လူတိုင်းလူတိုင်း ကျန်းမာကြံ့ခိုင်ပျော်ရွှင်သည့် ဘဝများ ပိုင်ဆိုင်စေရေးအတွက် လိုက်နာကျင့်ကြံဆောင်ရွက်ရန် စားသောက်၊ နေထိုင်၊ ပြုမှု လှုပ်ရှားဆောင်ရွက်သင့်သည့် လူနေမှုဘဝပုံစံများအား အသိပညာပေးရေးနှင့် သက်ဆိုင် သည့် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ ပြိုင်ပွဲများဖိတ်ခေါ်ခဲ့ရာ ဆောင်းပါး ၇၁ ပုဒ်၊ ဝတ္ထုတို ၃၅ ပုဒ်၊ ကဗျာ ၄၄ ပုဒ်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများအနက် ဆောင်းပါးပြိုင်ပွဲတွင် သန္တာနိုင် က "နုပျိုသက်ရှည်ကျန်း မာရေး ကိုယ်လက်လှုပ်ရှား အားကစားပေး" ခေါင်းစဉ်ဖြင့် ပထမဆု၊ ဦးဝမ်းယုနောင်က "ဘဝတစ်သက်တာကျန်းမာရေး လူနေမှုဘဝပုံစံပြောင်းလဲပေး" ခေါင်းစဉ်ဖြင့် ဒုတိယဆု နှင့် ဦးကျော်ဇောထွေး(ဟမ်စိုင်း-ဆေးမန်း)က "ဘဝတစ်သက်တာကျန်းမာရေး လူနေမှု ပုံစံပြောင်းလဲပေး" ခေါင်းစဉ်ဖြင့် တတိယဆု တို့ရရှိကြပြီး ဦးကျော်ဇော (မောင်ကျော် ဇော-ရှင်မတောင်နံ့သာမြေ)၊ ဒေါ်သဇင်ထွန်း (သဇင်ထွန်း-ပညာရေး)၊ ဇင်မင်းဝင်း၊ ဦးဝင်းသိန်း (ကျောင်းဆရာ ကိုကိုဝင်း)နှင့် ဦးအောင်ဆန်းဝင်း(ပိုင်သုတ)တို့က နှစ်သိမ့်ဆု များအသီးသီးရရှိကြကြောင်း သိရသည်။
ဝတ္ထုတိုပြိုင်ပွဲတွင် ဦးရဲညွှန့်(ခက်နွယ်-နတ်မော်)က "အကြွစောသည့်ပန်း" ခေါင်းစဉ်ဖြင့် ပထမဆု၊ ဦးနေလင်းထွဋ်(ခရမ်းသစ်လူ)က "ဆီမီးရာထောင် လင်းစေသော်" ခေါင်းစဉ်ဖြင့် ဒုတိယဆုနှင့် ဦးအေးကြူ(မောင်ငြိမ်းမွန်-ချောင်းဦး)က "ညီညာတွဲလက် အောင်ပွဲဆက်" ခေါင်းစဉ်ဖြင့် တတိယဆုတို့ရရှိကြပြီး ဒေါ်နွယ်နီအေး(နွယ်နီအေး-လူမှု စီးပွား)၊ ဦးမြင့်မောင် (မောင်စူးရှ-အနောက်ရိုးမ)၊ ဦးအေးသောင်းအုန်း (မောင်သာ မန်-ဇီးကုန်း)၊ ဒေါ်တင်မိုးအေး၊ မမိုးမိုးသွင်(ရနံ့ချို-ဟင်္သာတ)တို့က နှစ်သိမ့်ဆုများ အသီးသီးရရှိကြကြောင်း သိရသည်။
ကဗျာပြိုင်ပွဲတွင် ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း) က "ကျန်းမာရေးဖြင့် လူမှုဘဝပုံစံမြှင့် နိုင်ငံ့ဂုဏ်ရောင်တင့်" ခေါင်းစဉ်ဖြင့် ပထမဆု၊ ဒေါ်နွယ်နီဝင်း(မေတ္တာမိုး နှင်း-ပဲခူး) က "အဖိုးနည်းဝန်ပါ လှုပ်ရှားမှုမှသည် ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်သို့" ခေါင်းစဉ်ဖြင့် ဒုတိယဆုနှင့် ချောကေခိုင်(ပေါ်ဦးမြနန်းနွယ်-နေခ) က "နုပျိုသက်ရှည် ကျန်းမာဖို့ နည်းလမ်းကောင်းများ" ခေါင်းစဉ်ဖြင့် တတိယဆု တို့ရရှိကြပြီး ဦးစုအောင် (ချစ်စုအောင်)၊ ဦးထိန်ဝင်း(မိုးထွဋ်ခေါင်)၊ ဦးသန်းထွေးအောင်(ထွေးကို)၊ ဦးသောင်းထွေး (သောင်းထွေး)၊ ဒေါ်သီတာဌေး(လမင်းထွန်း)တို့က နှစ်သိမ့်ဆုများ အသီးသီးဆွတ်ခူး ရရှိခဲ့ကြကြောင်း သိရသည်။
မောင်လူမော်


