မိုးညို ၂၃ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် အောက်တိုဘာ ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ပြည်သူများထံ အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ရေကင်းအုပ်စု၊ မင်းကြီးကျေးရွာ၊ ဦးငြိမ်းချမ်း၏ နေအိမ် ခြံဝန်းအတွင်းရှိ သစ်ပင် လဲကျသဖြင့် နေအိမ်အမိုးလန်ခဲ့သည့် နေအိမ်(၁)လုံးရှိ ဘေးသင့်ပြည်သူ(၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း၊
အောက်တိုဘာ (၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ငါးကယ်အုပ်စု၊ ငါးကယ်ကျေးရွာရှိ နေအိမ်ပျက်စီးခဲ့မှုမှ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးနှင့် လေဘေးသင့်ပြည်သူ (၂)ဦးအတွက် ဆန် ထောက်ပံ့ငွေကျပ် ၄၂၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၄၂၀ဝ ထောက်ပံ့ခြင်း၊
(၁၄)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အင်းတ္တော်တလုတ်အုပ်စု၊ ထိန်ကုန်းကျေးရွာရှိ နေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၃)လုံးနှင့် ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလတ်စတစ်ပုံး (၁)ပုံးနှင့် ဘေးသင့်ပြည်သူ(၂၃)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၄၈၃၀ဝ နှင့် (၁၇)ရက်နေ့တွင် သာယာကုန်းအုပ်စု၊ မှက္ကတန်ကျေးရွာနှင့် တောင်ဇင်းကျေးရွာတို့တွင် မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၀၀၀၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံးနှင့် ဘေးသင့်ပြည်သူ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး ၁၆၈၀ဝကျပ်နှင့် ထောက်ပံ့ငွေ ၂၁၆၈၀ဝ ကျပ်တို့အား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသူမောင်တို့က လေဘေးသင့် ပြည်သူများထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)



