mdn

ရန်ကုန်    ၂၃    အောက်တိုဘာ

 

မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် ဂျပန်သံရုံးတို့ ပူးပေါင်းကျင်းပသည့် (၁၀)ကြိမ်မြောက် ဂျပန်တံခွန်စိုက် ဖလား ကရာတေးပြိုင်ပွဲကို ယနေ့နံနက်၉နာရီက အောင်ဆန်းအားကစားပြိုင်၀င်း မိုးလုံလေလုံပြိုင်ပွဲရုံ၌ ကျင်းပရာ အားကစားသမား၃၀၀ ‌ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ရှေ့ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံအမတ်ကြီး H.E.Mr.Ichiro MARUYAMA က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကရာ‌တေး အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ၀င်းဇော်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြိုင်ပွဲ၀င်အသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးလိုက်လံနှုတ်ဆက်ကြသည်။

 

ဆက်လက်၍မြန်မာနိုင်ငံကရာ‌ေတးအဖွဲ့ချုပ်မှအားကစားသမားများကအ‌ေခြခံကရာ‌ေတးကစားနည်းနှင့်Self Defenseကိုသရုပ်ပြသကြပြီး စီနီယာတန်းအမျိုးသား၊အမျိုးသမီး"ခတ"၊"ကုမိတဲ့"ပြိုင်ပွဲများယှဉ်ပြိုင်ကြသည်။

 

ယင်းပြိုင်ပွဲတွင်အမျိုးသား၊အမျိုးသမီးသက်တန်းအလိုက်၊ဝိတ်တန်းအလိုက်၊စီနီယာတန်း၊ဂျူနီယာတန်းပြိုင်ပွဲများပါ၀င်ပြီး ပြိုင်ပွဲတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ၀န်ကြီးဌာနအသင်းများနှင့် ပြင်ပ ကလပ်အသင်းများ၊ အား/ကာ သိပ္ပံကျောင်းများ စုစု‌ေပါင်း၃၂သင်းပါ၀င်ကာ အောက်တိုဘာ၂၄ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အေကေလင်း        

mdn