mdn

လွိုင်ကော်  ၂၃ အောက်တိုဘာ

 

လွိုင်ကော်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၅၂) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကို ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက် ယနေ့မွန်းလွဲ ၂ နာရီခွဲက သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပသည်။

 

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကြီးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်း ရှို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက လွိုင်ကော်မြို့နယ် အတွင်းရှိ သံဃာတော်အပါး ၁၅၀၀ နှင့် သီလရှင် ၃၁၈ ပါး တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို စေတနာသဒ္ဒါတရားထက်သန်စွာ စုပေါင်းလောင်းလှူ ခဲ့ကြကြောင်း သိရသည်။

 

လွိုင်ကော်သား

 

mdn

 

mdn

 

mdn