ဂန့်ဂေါ ၂၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( FDA) မှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ စားသောက်ကုန်ပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ရေးအတွက် ယမန်နေ့ က ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးခင်မောင်အေးနှင့် အဖွဲ့က ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
(၁၄၄)


