နမ္မတူ ၂၄ အောက်တိုဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီက နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာ အ.မ.က (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမ့်တောင်ကုန်းကျေးရွာ၊ အ.မ.က (မူလွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမြင့်က အမှာစကား ပြောကြားပြီး နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ကလေးအလုပ်သမား ပပျောက်ရေး၊ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်နှင့် လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒေါ်ချစ်ချစ်ပိုင် (စာ/ထောက်-၃)က သုတ/ရသစာပေများအား နယ်လှည့်စာအုပ်ငှားရမ်း ဆောင်ရွက်ပေးပြီး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသရာ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


