ပေါင် ၂၄ အောက်တိုဘာ
လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း( Public Talk )ကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အ.ထ.က(ခွဲ) ဥတ္တံတားကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မိုးအောင်၊ မြို့နယ်ပညာ ရေးမှူး ဒေါ်စန်းစန်းအေးနှင့် အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာ မောင်မောင်လွင် တို့က ပါဝင်ဆွေးနွေးကြ မည်ဖြစ်ပြီး ယင်းစကားဝိုင်းသို့ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ခြင်းဖြင့် ရပ်ရွာဒေသများတွင် ဖြစ်ပေါ်နေသောအကြောင်းအရာများ ဆွေးနွေးမှု ရှိလာမည့်အပြင် ပြည်သူများမှ စဉ်းစားတွေးခေါ်မှု မြင့်မားလာသကဲ့သို့ ပါဝင်ဆွေးနွေးတက်သည့် အလေ့အထများဖြစ်ပေါ် လာစေရန်အတွက် ပြည်သူ့စကားဝိုင်း Public Talk များကို ကျင်းပရခြင်း ဖြစ်သည်။
ဝင်းမင်းသန်း(ပြန်/ဆက်)


