နမ္မတူ ၂၄ အောက်တိုဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တွင်းရှိ မွေးကင်းစနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များ အားလုံး ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် တိုက်ကျွေး ထိုးနှံခြင်း လုပ်ငန်းကို အောက်တိုဘာလ နောက်ဆုံးပတ် (၂၅)ရက်နေ့မှ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းကို နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၊ ၂၊ ၃၊ ၄ ၊ ၉၊ ၁၀)နှင့် ပန်ကွဲကျေးရွာအား (၂၅.၁၀.၂၀၁၉)ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ မြို့နယ်ခန်းမ၌ လည်းကောင်း၊ (၂၆.၁၀.၂၀၁၉)ရက်နေ့ နံနက် (၉)နာရီ အချိန်မှ စတင်၍ ပန်ဟိုက်ရပ်ကွက် (၅၊ ၆၊ ၇)နှင့် မန်မွန်းကျေးရွာအား ကချင်နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်း၌ လည်းကောင်း၊ နမ္မတူရပ်ကွက် (၁၊ ၂၊ ၃)အား အ.မ.က (၉)ကျောင်း၌ လည်းကောင်း၊ (၂၇.၁၀.၂၀၁၉)ရက်နေ့ နံနက် (၉)နာရီမှ စတင်၍ ပန်ဟိုက်ရပ်ကွက် (၈)နှင့်၊ လီဆူးတိုက်ပွဲရှောင် စခန်းအား ပန်ဟိုက်ရပ်ကွက် (၈) အ.မ.က (မူလွန်)ကျောင်း၌ လည်းကောင်း၊ နမ္မလကျေးရွာ၊ ကြူဆော့ကျေးရွာနှင့် ကြူဆော့ကျေးရွာတိုက်ပွဲရှောင်စခန်းအား ကြူဆော့ကျေးရွာ ဘုရားရှိခိုးကျောင်း၌ လည်းကောင်း၊ နမ္မတူရပ်ကွက် (၄၊ ၅၊ ၆၊ ၇)အား သတ္တုတွင်း အချိန်မှတ်ရုံး၌ လည်းကောင်း၊ (၂၈၊ ၁၀၊ ၂၀၁၉) ရက်နေ့ နံနက် (၉)နာရီမှစတင်၍ ခိုဖိတ်ကျေးရွာ၊ ခမရ (၃၂၄)အား ခိုဖိတ်ကျေးရွာ အ.မ.က ကျောင်း၌ လည်းကောင်း၊ နမ့်ပါလေ၊ မိုင်းဆင်၊ နားနောင်၊ မိုင်းတပ်ကျေးရွာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်များ၌ လည်းကောင်း၊ (၂၉.၁၀.၂၀၁၉) ရက်နေ့မှ နံနက် (၉)နာရီမှစတင်၍ ဆိုက်ခေါင်ကျေးရွာအုပ်စုအား ဆိုက်ခေါင်ကျေးရွာ အ.မ.က ကျောင်း၌ လည်းကောင်း၊ လွယ်ခွန်ကျေးရွာအား အရံသားဖွားနေအိမ်တွင် လည်းကောင်း ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးရောက်ဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


