တကောင်း ၂၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခမ်းအနားမှူး သင်တန်း(အခမဲ့)ကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
သင်တန်းတွင် အခမ်းအနားမှူး(MC) တစ်ယောက်တွင်ရှိရမည့် အဓိကအရည်အချင်းများ၊ အသုံးအနှုန်း ဝေါဟာရများ မှန်ကန်စွာသုံးစွဲခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပခြင်း၊ ထူးခြားသော အခမ်းအနားများနှင့် MC တစ်ဦးချင်းအလိုက် လက်တွေ့ပြောကြားခြင်းတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ (၃)ရက် နံနက် ( ၉)နာရီမှ မွန်းလွဲ (၁၆)နာရီအထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သီရိအောင် (ပြန်/ဆက်)


