စလင်း ၂၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရုန်းပင်ကန်ကျေးရွာအုပ်စု၊ ရုန်းပင်ကန် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက် ၉ နာရီအချိန်က အခမဲ့ ကျန်းမာရေး ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်ပေးခဲ့သည်။
အဆိုပါ အခမဲ့ ကျန်းမာရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဒေါက်တာကောင်းခန့် (အထွေထွေရောဂါကုဆရာဝန်)၊ ဒေါက်တာရဲလင်းထိုက် (အထွေထွေရောဂါကု ဆရာဝန်)တို့က ဦးဆောင်၍ မြတ်မြင့်မိုရ် အထူးကုဆေးခန်း၊ မြတ်မြင့်မိုရ်ပရဟိတအသင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် အဖြူရောင်တွဲလက်များ ပရဟိတအသင်းတို့ ပူးပေါင်း၍ ရုန်းပင်ကန်ကျေးရွာရှိ ပြည်သူများအား အခမဲ့ ကျန်းမာရေး ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်


