ကောလင်း       ၂၄   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်ကိုင်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်  ဦးဆောင်သည့်အဖွဲ့သည် ကောလင်း၊ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တို့တွင် မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဆောင်ရွက်ပေးမည့် လုပ်ငန်းများမှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ နယ်ဝင် မှတ်ပုံတင်ပေးခြင်း၊ မော်တော်ယာဉ်များ သက်တမ်းတိုးပေးခြင်း၊ မော်တော်ဆိုင်ကယ်စီး ယာဉ်မောင်း လိုင်စင်နှင့် ယာဉ်အကူလိုင်စင် အသစ်ထုတ်ပေးခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းများအားနယ်လှည့် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ပင်လည်ဘူးမြို့တွင် (၁၃.၁၁.၂၀၁၉) ရက်နေ့မှ(၁၄.၁၁.၂၀၁၉)ရက်နေ့အထိလည်းကောင်း၊ ဝန်းသိုမြို့နယ်တွင် (၁၅.၁၀.၂၀၁၉) ရက်နေ့မှ (၁၆.၁၁.၂၀၁၉)ရက်နေ့အထိလည်းကောင်း၊ ကောလင်းမြို့နယ်တွင် (၁၇.၁၁.၂၀၁၉) ရက်နေ့မှ (၁၉.၁၁.၂၀၁၉)ရက်နေ့အထိ လည်းကောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)