ပြင်ဦးလွင်     ၂၄       အောက်တိုဘာ 

 

လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို   ယနေ့နံနက်၉  နာရီက ပြင်ဦးလွင်မြို့  အထက ( ၄  )  ကံကော်ခန်းမ၌  ကျင်းပပြုလုပ်ရာ  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စာရေးဆရာများ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ   ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  ဦးစီးအရာရှိ  ဒေါ်တင်တင်ထွေး မှ လူငယ်နှင့်  စာရိတ္တ ခေါင်းစဉ်ဖြင့် စကားဝိုငျ်း ကျင်းပရခြင်း ရည်ရွယ်ချက်အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးမည့်ပုဂ္ဂိုလ်များက ပြည်သူ့ စကားဝိုင်း နှင့်ပတ်သတ်၍  ရှင်းလင်း ဆွေးနွေးခဲ့ကြသည် ။

 

စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများက လူငယ်များ၏ အနာဂတ် ပျက်စီးနေခြင်း ၊ လူငယ်နဲ့မူးယစ်ကင်းစင် နေရာဖြစ်အောင် ဆွေးနွေးခြင်း ၊လူငယ်နဲ့ အကျင့်စာရိတ္တ ကောင်းမွန်ရေး ပါဝင်ဆွေးနွေးခြင်း ၊ မူးယစ်ဆေးကြောင့် လူငယ်တွေ လုံခြုံရေး စည်းဖောက်ခြင်း ၊ လူတိုင်းဟာ ငယ်စဉ်ကတည်းက စာရိတ္တအခြေခံမပါလျှင် ဘယ်လိုဖြစ်မည်လဲ ၊စာရိတ္တနှင့် လူငယ် ဆက်စပ်မှုသိလိုကြောင်း ၊ စာရိတ္တ မရှိလျှင် လူငယ်တွေ ဘယ်လိုဖြစ်မလဲ ၊ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဝါးကြောင့် နိုင်ငံ၏အရင်းအမြစ်  လူငယ်များ၏ ဘဝပျက်စီးဆုံးရှုံးရပုံ အဆင်ဆင့်ဆွေးနွေးခြင်း စသည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက  အသေးစိတ် ရှင်းလင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )