မန္တလေး ၂၄  အောက်တိုဘာ

 

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund For Nature (WWF) တို့ ပူးပေါင်းကျင်းပသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အစိမ်းရောင်ဘဏ္ဍာရေး ဆွေးနွေးပွဲ ကို မန္တလေးမြို့၊ ၇၈လမ်း၊ ရတနာပုံ စူပါစင်တာလေးလွှာရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI) တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးထွဋ်ဆွေ  က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် Sustainable Production Project မန်နေဂျာ Mr. Uijwal Pokhrel က သဘာဝစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Green Lending Expert, Mr. Ilan Wolkov က အစိမ်းရောင် ချေးငွေထုတ်ကုန်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။

 

၎င်းနောက် A Bank၊ CB Bank၊ MAB Bank၊ MCB Bank တို့ မှ တာဝန်ရှိသူများ က အစိမ်းရောင် ချေးငွေထုတ်ကုန်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော SME လုပ်ငန်းရှင်များ က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

၁

 

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန မှ တိုင်ဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund For Nature (WWF)မှ တာဝန်ရှိသူများ၊ဘဏ်များမှ တာဝန်ရှိသူများ၊SME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။

 

အဆိုပါ Green Financing သည် သဘာဝစီမံကိန်းနှင့် A Bank၊ CB Bank၊ MAB Bank၊ MCB Bank တို့ Mou  လက်မှတ်ရေးထိုး၍ SME လုပ်ငန်းများအနေဖြင့် ရေဆိုးစီမံခန့်ခွဲခြင်း၊ အညစ်အကြေး စီမံခန့်ခွဲခြင်း၊ စွမ်းအင်လုံလောက်စွာ သုံးစွဲခြင်း၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲခြင်း၊ ကုန်းမြေနှင့်သစ်တော ပြုန်းတီမှုကာကွယ်ခြင်း၊ လေထုကာကွယ်ခြင်း၊အသံဆူညံမှုကာကွယ်ခြင်း စသည် နယ်ပယ်များကို ဆောင်ရွက်ရာတွင် ချေးငွေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)