ဆိပ်ကမ်း ၂၄ အောက်တိုဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့စာကြည်တိုက်တွင် ကလေးများအတွက် မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကား များကို လေ့လာနိုင်စေရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ချစ်စရာ ရိုးရာနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ UNICEF(မြန်မာ)မှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များကို ယနေ့ မွန်းတည့် ၁၂ နာရီ လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းစာအုပ်များတွင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော ညီနောင်သွေးချင်းများ ဖြစ်သည့် အဆန်၊ လီခခ်၊ တောင်ရိုး၊ ရုန်းတူ၊ သက္ကမ၊ ပိုးကရင်၊ ပကညော၊ ဘွဲကရင်၊ တအော၊ ခေါင်တူး တို့အပါအဝင် တိုင်းရင်းသားလူမျိုး (၂၅) မျိုးတို့၏ စာပေနှင့် ရိုးရာပုံပြင်များကို လူမျိုး တစ်မျိုးလျှင် (၁၀) အုပ်နှုန်းဖြင့် စုစုပေါင်း အုပ်ရေ (၂၅၀) အုပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ဆက်)