နေပြည်တော် ၂၄ အောက်တိုဘာ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ အလှူရှင်များမှ ခေတ်ဟောင်း(အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ (၂) ရက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ ရွှေကမ္ဘာတာဝါ၊ အမှတ်(၁၇၈)(၁၈၀)နေ ဦးဝင်းမြင့်မိသားစုမှ ကက်ဆက်ခွေ (တရားတော်+တေးစီးရီး) အခွေ(၁၄၀)၊ အောက်တိုဘာ (၅)ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ အမှတ်(၈၅)နေ ဦးမင်းလွင်မိသားစုမှ မြန်မာ ခေတ်ဟောင်း ဓာတ်ပြားအချပ်(၃၀)၊ အောက်တိုဘာ(၁၁)ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်း၊ ရွာဦးတာလမ်း၊ အမှတ်(၁၀၃၃)နေ ဦးစံထိုက်မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓါတ်ပြား (၂၃)ချပ်၊ အောက်တိုဘာ(၁၂)ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ (၁၆၂)လမ်း၊ အမှတ် (၁၆)၊ (၃)လွှာနေ ဒေါ်ချိုချိုအုန်းမိသားစုမှ ကက်ဆက်ခွေ (တရားတော်+တေးစီးရီး) (၅၆) ခွေ၊ တေးစီးရီးCD အချပ်(၃၀)၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော် ကလေး၊ ဓမ္မာရုံဖြတ်လမ်း၊ အမှတ်(၄၀)နေ ဖခင်ကြီး ဦးထွန်းအေး+မိခင်ကြီး ဒေါ်မြဝင်း အားရည်စူး၍ သားသမီးမြေးမြစ်တစ်စုမှ ကက်ဆက်ခွေ (တရားတော်+တေးစီးရီး) (၈၆) ခွေ၊ တေးစီးရီး CD (၂၄)ချပ်၊ Sony ကက်ဆက်(၁)လုံး၊ Panasonic VCR (၁)လုံး၊ Sony DVD (၁)လုံး၊ SAMSUNG VCD(၁)လုံး၊ ဂြိုလ်တုစလောင်း (၁)ခု၊ အောက်တိုဘာ (၁၆)ရက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့၊ (၆)ရပ်ကွက်၊ ခိုင်စံပယ်လမ်း၊ အမှတ်(၅၆)နေ (ဦးတင်ဝင်း)+ ဒေါ်ကြည် မိသားစုမှ (တရားတော်+ တေးစီးရီး)ကက်ဆက်ခွေ(၄၉)ခွေ၊ အောက်တိုဘာ(၁၇)ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်၊ မြရတနာလမ်း၊ အမှတ်(၅၇၆)နေ ဗိုလ်မှူးဒေါ်ခင်မျိုးနွယ်(အငြိမ်းစား)မိသားစုမှ မြန်မာခေတ်ဟောင်း ဓါတ်ပြား (၃၆)ချပ်၊ အောက်တိုဘာ (၂၂)ရက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ချမ်းသာပလာဇာ၊ (၁၁)လွှာ၊ အခန်း(၄)နေ ဒေါ်စန်းရီ မိသားစုမှ တရားတော်ကက်ဆက်ခွေ (၂၈)ခွေ၊ အောက်တိုဘာ (၂၃)ရက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင် မြို့နယ်၊ (၅၁)လမ်း(အလယ်)၊ ယူနိုက်တက် ကွန်ဒို၊ အမှတ် (၁၂၆/၁၂၈)နေ ဦးဝင်းမြင့်၊ ဒု-မန်နေဂျာ(ငြိမ်း)မြန်မာ့သစ်လုပ်ငန်း Export + ဆရာမကြီး ဒေါ်ခင်မျိုးယဉ်၊ သမီးမခင်သူဇာဝင်း မိသားစုမှ မြန်မာခေတ်ဟောင်းဓါတ်ပြား (၈)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်း ဓါတ်ပြား (၁၂၆) ချပ်တို့အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)သို့ ဆက်သွယ်လှူဒါန်းခဲ့ကြသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း(အင်္ဂလိပ်/မြန်မာ)ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများရှိပါက ဦးရန်နိုင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဖုန်း ၀၆၇-၇၉၂၈၀ဖုန်း ၀၉-၂၅၂၄၁၂၈၁၃၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်(တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ) ဖုန်း ၀၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးခွဲ(ရန်ကုန်)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


