ရှမ်းရွာသစ် ၂၅ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့်ကျောင်းသား/သူများဉပဒေ ရေးရာကိစ္စရပ်များကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ လှိုင်းဘွဲမြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဉပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်၊ နံနက် ၁၁ နာရီက ရှမ်းရွာသစ်မြို့ အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှမ်းရွာသစ်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးနေလင်းထက်က ဉပဒေရေးရာနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် ဉပဒေဆိုင်ရာ အထောက်အကူပေးရေးဉက္ကဌ ဦးအောင်ငွေ၊ လှိုင်းဘွဲမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဉက္ကဌ ဦးဌေးဝင်း၊ ရှမ်းရွာသစ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ခင်မောင်သန်းတို့က ဒေသနေပြည်သူများတို့၏ အခက်အခဲများကို ဉပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းအမျိုးအစားများ၊ ဉပဒေနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းများ၊ ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရည်ရွယ်ချက်များ၊ မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းတို့ကိုအကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများတို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(မြို့ပြန်/ဆက်)


