ပုလော   ၂၅  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ၁၆၃၅ ဒသမ ၅၆၄ သန်း ဖြင့် လမ်းလုပ်ငန်း ၄၈ ခု၊ တံတား ၃၁ ခု၊ ရေပေးဝေရေး ငါးခု၊ အဆောက်အဦ ငါးခု နှင့် အခြား လုပ်ငန်း (၃၁)ခု စုစုပေါင်း လုပ်ငန်း ၁၂၀   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနများမှ သိရသည်။

 

1

 

ပုလောမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ သဲ၊ ကျောက်၊ ဘိလပ်၊ သံချောင်းနှင့် ရေပိုက်စသော ပစ္စည်းများကို သတ်မှတ်စည်းကမ်းချက်များဖြင့် ပထမအကြိမ် ပွင့်လင်းမြင်သာစွာ အိတ်ဖွင့် တင်ဒါကို ဖွင့်လှစ်ခဲ့သည်။

 

ပထမအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် တင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး၊ ပစ္စည်း အမျိုးအစားအလိုက် စည်းကမ်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းခဲ့ကာ ပွင့်လင်း မြင်သာစွာ တင်ဒါ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN