ပုသိမ် ၂၅ အောက်တိုဘာ
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များတွင် ကလေးစာပေပွဲတော်များကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယခုအခါ အချက်အချာကျသော နေရာများတွင် မြေစိုက်ပိုစတာများ စိုက်ထူထားပြီးဖြစ်ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးမှု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ မြေစိုက်ပိုစတာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရန်ကုန် - ပုသိမ်.ကားလမ်း ဧရာဝတီတိုင်းဒေသကြီးမှ ကြိုဆိုပါသည် နေရာမှစ၍ ဆားမလောက်လမ်းဆုံ၊ ဝါးခယ်မလမ်းဆုံ၊ ကျောင်းကုန်လမ်းဆုံ၊ ကန်ကြီးထောင်လမ်းဆုံ၊ ကိုးဆူ၊ ပုသိမ်မြို့အဝင်၊ ငွေဆောင်၊ ချောင်းသာ လမ်းဆုံနှင့် အထင်အရနေရာ ၁၂ နေရာတွင် စိုက်ထူပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါဆိုင်းပုဒ်တွင် ကလေးစာပေပွဲတော်ကျင်းပမည့် နေ့ရက်နှင့်မြို့နယ်၊ ကလေးများပါဝင်ဆင်နွှဲနိုင်မည့် ကစားနည်းများ၊ ဗဟုသုတရရှိစေမည့် ပြခန်းများအကြောင်းကို ဖော်ပြပေးထားပြီး တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်တွင် ၂၀၁၉ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဧပြီ ၇ ရက်နေ့အထိ ၁၅ ရက်လျှင် ၃ မြို့နယ်နှုန်းဖြင့် ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့်( iprd)


